John Wick(2014)

John Wick(2014)

JOHN WICK ဆိုတဲ့သူဟာ ကြေးစားလူသတ်သမားတစ်ယောက်….

ကြေးစားလူသတ်သမားလောကတင်မဟုတ်ဘူး…ရဲဘက်ကတောင် JOHN WICK ဆိုတဲ့သူကို

ထိတ်လန့်ကြောက်ရွံ့နေတယ်လို့ပြောရမည်ထင်သည်….

လူသတ်လက်နက်ပေါင်းစုံနဲ့အပစ်အခတ်တွေ၊သွေးသံရဲရဲတွေနဲ့ လောကငရဲကြားကနေ

ချစ်ခြင်းမေတ္တာအရင်းခံပြုပြီး မိန်းကလေးတစ်ယောက်ကJOHN WICK ကိုနွေးထွေးတဲ့သီးခြားကမ္ဘာငယ်လေးဆီခေါ်ဆောင်လာခဲ့တယ်..

JOHN WICKကြီးအတွေ ပျော်စရာနေ့ရက်တွေပေါ့..သို့ပေမယ့် သူကြာကြာကံမကောင်းခဲ့ရှာဘူး….

JOHN WICK ရဲ့ အမျိုးသမီးဟာ ကင်ဆင်ရောဂါနဲ့ဆုံးပါးသွားတယ်…

တစ်ယောက်တည်းအထီးကျန်မနေပဲ သူမကိုယ်စား ဒီခွေးလေးကို ဂရုစိုက်ပါ၊ချစ်ပါလို့စာရေးခဲ့ရင် ခွေးလေးတစ်ကောင်ကို

ထားခဲ့တယ်…ခြောက်ကပ်လုဆဲဆဲ JOHN WICK ရဲ့ ကမ္ဘာလေးထဲမှာ သူ့ရဲ့ခွေးလေးက နောက်ဆုံးလက်ကျန် အစွမ်းအဆမဲ့

သံယော်ဇဉ်အမျှင်တန်းလေးတစ်ခုပါပဲ…

တစ်နေ့တော့ ရုရှားမာဖီးယား ဂိုဏ်းက လူငယ်သုံးဦးက John Wick စီးတဲ့ 69 Mustang ကြီးကို တွေ့သွားပြီး

လိုချင်လို့ ၀င်ခိုးရာကနေ John ရဲ့ ခွေးလေးကို ပါသတ်ပစ်ခဲ့ပါတယ်။

ခွေးတော့ခွေးပါပဲ..ဒါပေမယ့် ဒီခွေးက JOHN WICK ရဲ့ခွေးဖြစ်နေတယ်….

အဲ့ဒီနောက်မှာတော့

ဇာတ်လမ်းက သာမန် Revenge ဇာတ်ကားဖြစ်ပေမယ့် အက်ရှင် အရမ်းကောင်းသလို ဇာတ်ရှိန်အတက်အကျ မှန်တာကြောင့်

ပရိတ်သတ် အနေနဲ့ လုံးဝမပျင်းရပါဘူး။ တစ်ကားလုံး စိတ်ဝင်စားဖို့ ကောင်းသလို၊ ခွေးလေးတစ်ကောင်အတွက် လက်စားချေတယ်ဆိုပေမယ့်

ဒီ Idea ကို အဓိပ္ပာယ်ရှိရှိ သရုပ်ဖော်သွားပါတယ်။ ဇာတ်လမ်းထဲက Fight Scene တွေကလည်း သေသေချာချာ ဇာတ်တိုက်ထားသလို၊

Fight Coordinator တွေကလည်း Bourne Ultimatum တို့ 300 တို့က

လူတွေဖြစ်တာကြောင့် ချခန်းတွေကလည်း အသက်ဝင်ပါတယ်။

ဒီကားက Equalizer နဲ့ ဇာတ်လမ်းသဘာဝတူပေမယ့် ဒီကားက Fight Scene တွေ Action Scene တွေပိုများပြီး

Slow Motion အပေါ် မမှီခိုထားသလို၊ Computer Graphic သိပ်မသုံးထားပါဘူး။ သွေးထွက်တာကအစ

Practical Effect တွေဖြစ်ပြီးတော့၊ တကယ့် Stunt သမားတွေသုံးပြီး ရိုက်ထားတာ ဖြစ်ပါတယ်။

File Size :(2.08GB), (950 MB) and (316 MB)
Quality : Blu-Ray (1080p 5.1 CH,720P)
Format…mp4
Duration…01:41:00
Genre :  Action, Crime, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by မိုးစက်
Encoded by Phyo Pyae

Size 2.08 GB



Size 950 MB



Size 361 MB