Capernaum(2018)

 
Capernaum(2018)

IMDb…8.4,,,Rotten….89%

တရားရုံးတွင် အမှုတစ်ခုကိုစစ်ဆေးနေသည်…….တခြားအမှုများနှင့်မတူ …အတော်ထူးခြားသည်…

အဘယ့်ကြောင့်ဆိုသော် တရားလိုက ၁၂နှစ်အရွယ် ထောင်ကျနေသည့်ကောင်လေးတစ်ယောက်ဖြစ်သည်….

တရားအစွဲခံရတဲ့သူတွေက ဒီကောင်လေးရဲ့ မိဘတွေပင်….ပြောရရင် သားက မိဘ (၂)ပါးကို တရားပြန်စွဲဆိုခြင်းဖြစ်သည်….

တရားသူကြီးက မိဘတွေဖြစ်တဲ့သူကိုမေးတယ်…

“ခင်ဗျားတို့ တရားလိုဖြစ်တဲ့ဒီကောင်လေးကိုသိလား”

“သိပါတယ် ကျွန်မတို့သား ဇိမ်းပါ ထောင်ကျနေတဲ့ ကျွန်မတို့သားပါ”

” ဘာဖြစ်လို့ ထောင်ကျတာလဲ သိလား”

“သိပါတယ် သူက ကလေးဆန်ခဲ့ပြီးတော့ တခြားတစ်ယောက်ကိုဓါးနဲ့ထိုးခဲ့လို့ပါ

အဲ့ဒီအချိန်တုန်းက ရုံးချိန်းမှာတောင် ကျွန်မတို့ လင်မယား(၂)ယောက်သက်သေပါခဲ့ပါသေးတယ်

အခုက ဘာကိစ္စကျွန်မတို့ကိုတရားရုံးကိုခေါ်မှန်းနားမလည်ဘူးတရားသူကြီးမင်းရှင့်”

အဲ့ဒီနောက် တရားသူကြီးက တရားလိုဖြစ်တဲ့ကောင်လေးကိုမေးတယ်….

“သားခု တရားရုံးကို ဘာလို့ရောက်နေတာလဲသိလား”

“ဟုတ်ကဲ့သိပါတယ်.. ကျွန်တော်မိဘတွေကိုတရားစွဲချင်လို့ပါ”

“မိဘတွေကို ဘာလို့တရားစွဲချင်ရတာလဲ”

“ကျွန်တော့်ကိုမွေးဖွားခဲ့လို့ပါ”

အသက်(၁၂)အရွယ်ကောင်းလေး ပြောရရင် လူမမယ်အရွယ်လေးလို့တောင်ဆိုရမည်ထင်သည်….

ဒီလိုကောင်လေးက ဒီလိုပြောတာ တကယ်အံအားသင့်စရာပင်…

ဒီလိုပြန်ဖြေလိုက်တဲ့ ဂျစ်ကန်ကန်ကောင်လေးရဲမျက်နှာမှာ နာကျင်ကြွေကွဲခြင်းတွေအတိုင်းသားမြင်နေရတယ်…

ဇာတ်လမ်းအရဲ့အစပိုင်းမှာတင် မိဘနဲ့သားသမီးကြားထူးခြားတဲ့ဆက်ဆံရေးကိုတွေ့နိုင်သလို

စိတ်ဝင်စားစရာတွေ ဆက်ကြည့်ချင်စိတ်တွေအများကြီးပေါက်အောင်ဆွဲဆောင်နိုင်တယ်..

ဘာကြောင့်တရားစွဲချင်ရတာလဲ…မိဘတွေကရော တရားရုံးမှာဖြေတဲ့ပုံစံက အပိုအလုပ်တွေလာလုပ်နေရတဲ့ပုံ..

သူတို့ရှင်သန်ကြီးထွားကြတဲ့ပုံစံတွေက ဘယ်လိုမျိုးတွေလဲ….

ဒီလိုနဲ့ ဆက်ကြည့်တာ တကယ်လည်းအရမ်းကိုကောင်းလွန်းတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့တယ်…

ဒီကားက အကောင်းဆုံးနိုင်ငံခြားအော်စကာဆု ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၂၂)ဆုလည်းရရှိခဲ့တယ်..

Ratingတွေကလည်းမြင်တဲ့အတိုင်းပဲ…ကားကောင်းမို့ စပွိုင်လာဖြစ်မယ်စိုးလို့ ကိုယ်တိုင်ပဲခံစားကြည့်ပါ….

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ဖြစ်ပါတယ်…

File Size : (2.08GB),(1.04GB) and (375 MB)
Quality : Blu-Ray (1080p 5.1 CH, 720P)
Format…mp4
Duration…02:06:00
Genre :  Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Ye Pye Sone
Encoded by Phyo Pyae



Size 2.08 GB


Size 1.04 GB


Size 375 MB