There’s Something About Mary (1998)


There’s Something About Mary (1998)

IMDb….7.1,,,,Rotten..83%

အချစ်ဝတ္ထုစာအုပ်တွေ တော်တော်များများဖတ်ကြပေမယ့် လူငယ်တွေကြားမှာဆိုရင်

စာရေးဆရာ နီကိုရဲတို့ ဆရာမင်းလူတို့ရေးတဲ့အချစ်ဝတ္ထုတွေကို ကျွန်တော်တို့ ပိုသဘောကျကြတယ်… သူတို့ရဲ့

ဇာတ်ကောင်ဖြစ်တဲ့ ကောင်လေးတွေဟာ အများအားဖြင့် ဖြူစင်ရိုးသားကြပြီး လုပ်သမျှအလုပ်တိုင်းနီးပါး အလွဲတွေများနေသလို

ကောင်မလေးတွေကျတော့လှပပြီး အနည်းနဲ့အများတော့ ထက်မြက်တဲ့အထဲပါကြတယ်….

ကျွန်တော်တို့ဟာ ရိုးသားတာကိုပဲတန်းဘိုးထားကြလို့လား ထက်မြက်တဲ့မိန်းကလေးတွေကိုပဲသဘောကျလို့လားတော့မသိ…

သူတို့ရေးတဲ့စာအုပ်တွေကိုတော့ တကယ့်ကိုစွဲလမ်းခဲ့ကြပါသည်…

ဒီကားထဲမှလဲ တက်ဒ်ဆိုတဲ့ ရိုးသားပြီးအူကြောင်ကြောင်နိုင်တဲ့ကောင်လေးတစ်ယောက်ဟာ

ကျောင်းရဲ့အထင်ကရ မေရီဆိုတဲ့ကောင်မလေးကို သဘောကျသွားမိတာပါပဲ….

ကံကောင်းတာက အထက်တန်းကျောင်းကပွဲအတွက်မေရီနဲ့တွဲတက်ခွင့်ရပေမယ့်  သွားမယ့်နေ့မှာ

တကယ့် မဟာအလွဲကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်..အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်ပိုင်းတော့ တက်ဒ်နဲ့ မေရီတို့

တို့ထပ်မတွေ့ဖြစ်ကြတော့ဘူး….သို့ပေမယ့် ရိုးသားပြီးအချစ်ကိုတန်ဘိုးထားတဲ့ တက်ဒ်အဖို့ မေရီကို

မေ့ဖျောက်လို့မရနိုင်ခဲ့ဘူး….နှစ်တွေကြာလာမှ သူဟာ မေရီရဲ့အချစ်ကို ပြန်ရယူဖို့ကြိုးစားတဲ့အခါမှာတော့….

ဒီကားထဲက အဓိက မင်းသားကြီးဖြစ်တဲ့  Ben Stiller နဲ့  မင်းသမီးချောကြီး Cameron Diaz ကိုတော့ အားလုံးပဲသိကြပါလိမ့်မယ်..

Rating လေးတွေကလည်းကောင်းသလို ရယ်မောပျော်ရွှင်စရာကောင်းတဲ့ကားလေးမို့

ကြည့်သင့်ပါကြောင်း ပြောကြားပါရစေ….

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်….
 

File Size : (1.1GB) and (513MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:30:00
Genre :  Comedy, Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by May Tharaphi Lwin
Encoded by Phyo Pyae

Size 1.1GB


Size 531 MB