နည်းပညာတိုးတက်နေတဲ့ခေတ်ကြီးထဲမှာလူတွေဟာ
အမျိုးမျိုးတီထွင်ကြံဆကြတယ်..ကောင်းမွန်လွန်းတဲ့ နည်းပညာဆိုတာတွေက
ကောင်းတဲ့လူတွေလက်ထဲရောက်ရင် ကမ္ဘာကြီးအကျိုးရှိသလောက်
မကောင်းတဲ့လူတွေလက်ထဲကျရင် ကပ်ဆိုးတွေကြုံရတာပါပဲ
ဒီဇာတ်လမ်းလေးမှာတော့ Hacker သုံးဦးရဲ့ဒိတ်ဒိတ်ကျဲစွန့်စားခန်းကို
ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်
Hacking ပညာ ကို 13 နှစ်ကတည်းစတင်လေ့လာပြီး
Captain Pirate လို့နာမည်ဝှက်ရထားတဲ့ လူငယ်လေးတစ်ဦး
Zebra နဲ့ စူးရီဆိုတဲ့ Hacker ရော ကိုယ်ခံပညာရော ကျွမ်းကျင်ပြီး
ပိုက်ဆံရရင်ဘာမဆိုလုပ်မယ့် စုံတွဲတို့..
Zebra နဲ့စူး၇ီဟာ သူတို့လက်ခံ လိုက်တဲ့အလုပ်တခုအတွက်
Captain Pirate အမည်ရတဲ့လူငယ်လေးကို အသင်းမှာပါအောင်
ဆွဲဆောင်ရမယ်..အဲ့လိုစွဲဆောင်တဲ့နေရာမှာ စူးရီကိုအသုံးချပြီး
မြူဆွယ်ဖို့အတွက်ပေါ့..ကောင်လေးကလည်း FA အကြီးစားလေ
သူတို့ရဲ့ target က Oasis Operation System ပါပဲ
အဲ့ System ဆိုတာကတော့ ကုန်းလမ်း ရေလမ်း လေကြောင်းလိုင်း
စတဲ့ ၀န်ဆောင်မှုတွေကိုထိန်းချုပ်ထားပြီး အလုံခြုံဆုံးသောကွန်ရက်တခု
သူတို့ ထိုးဖောက်နိုင်ပါ့မလား..ပြီးတော့ သူတို့၃ဦးဟာ
ကိုယ်ဘယ်လမ်းကြောင်းပေါ်ကိုရောက်နေလို့ရောက်မှန်းမသိဖြစ်
လာနေတာကိုလည်း သတိပြုလိုက်မိတဲ့အချိန်မှာတော့………………
စဆုံး ဆွဲဆောင်မှုရှိရှိနဲ့ စိတ်ဝင်တစားကြည့်ရမယ့်
ဇာတ်လမ်းကောင်းလေး တခုပါပဲ
Review By PhoeNix
Translated By Phyo Zaw
Size 992 MB
Size 472 MB