Ode to My Father ( 2014 )

1950 ခုနှစ်ကိုဇာတ်ကြောင်းယူထားပြီးဒီ ဇာတ်ကားလေးဟာ

ကိုရီးယား Box Office ရဲ့ တကယ့် ထိပ်တန်း Drama ကားလေးပါပဲ

ဆုပေါင်း 20 လျာထားခြင်းခံရပြီး 17 ဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်

Imdb Rate ကလည်း 7.8 ဖြစ်ပြီးတော့  rottentomatoes က 71%

ဖြစ်ပါတယ်..WorldWide Box Office ၀င်ငွေကတော့ 105 Milionsပဲဖြစ်ပါတယ်..

ဇာတ်လမ်းအညွှန်းလေးကတော့

1950 ခုနှစ် December လ ကိုရီးယားမှာစစ်ပွဲတွေပြင်းထန်နေတဲ့အချိန်

ယွန်းဒေါ့ဆူတို့မိသားစုဟာ ပြေးလိုက်လွှားလိုက် အန္တရာယ်ကိုကျော်ဖြတ်လိုက်နဲ့ပါပဲ

သူတို့မိသားစုရော ဒေါ့ဆူရဲ့ ကံကြမ္မာဟာ ပြောင်းလဲဖို့ဖန်လာတယ်ပဲပြောရမလား

စစ်ပွဲအတွင်းမှာ ဒေါ့ဆူဟာသူ့ရဲ့ညီမလေးကို ပျောက်ဆုံးသွားပါတော့တယ်

ညီမကိုချစ်တဲ့ဒေါ့ဆူ…သူပါလိုက်ရှာမယ်ပြောတော့ သူ့အဖေက

နေခဲ့ဖို့ပြောပြီး တကယ်လို့ သူမရှိခဲ့ရင်ဒေါ့ဆူ က မိသားစု

အကြီးအကဲအနေနဲ့ မိသားစုကိုစောင့်ရှောက်ရမယ်လို့မှာခဲ့တယ်

စစ်ပွဲအပြီး ဘူဆန်မှာအခြေချပြီးတဲ့အခါမှာတော့ ဒေါ့ဆူဟာ

သူ့အဖေရဲ့မှာကြားချက်အတိုင်း

သားကြီးတစ်ယောက်အနေနဲ့ကျန်ရစ်ခဲ့တဲ့မိသားစုအပေါ်မှာ

အစစအရာရာအကုန်တာဝန်ယူပြီးတော့ ရှေ့ဆက်ကြိုးစားပါတော့တယ်

သူ့ရဲ့အနှစ်နာခံမှုတွေ…စွန့်လွှတ်မှုတွေက ရင်ကိုထိခိုက်စေမှာပါ

အချစ်ကြောင့်..မိသားစုကြောင့် ဒေါ့ဆူတစ်ယောက်ဘာတွေဘယ်လို

ဆက်ဖြစ်ပြီး ဘယ်လိုရင်ဆိုင်မယ်ဆိုတာကို ဆက်လက်စောင့်ကြည့်ရအောင်

ကိုရီးယား ထိပ်တန်း Drama ဖြစ်တဲ့အညီ ဘာတွေကများ

ဒီဇာတ်ကားကိုနာမည်ကြီးစေခဲ့တာလဲဆိုတာ..ခံစားကြည့်ရအောင်
 

Translated By Ei Pyae
Review & Encoded By : LK

Size 1.15 GB


Size 500 MB