Bonnie and Clyde (1967)

ဖြစ်ရပ်မှန်ဇာတ်လမ်းအများစုထဲကမှအစောပိုင်းမှာအအောင်မြင်ဆုံးလို့ပြောလို့ရတဲ့

1930လောက်ကလမ်းဓားပြစုံတွဲBonnie Parkerနဲ့Clyde Barrowတို့ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်

၂၀၀၀ခုနှစ်ဖွားအများစုသာမသိလောက်မယ့်ဇာတ်လမ်းဖြစ်ပြီးကျန်တဲ့သူတွေအတွက်တော့အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးဗျာ



Clydeဟာမွေးကတည်းကမကောင်းခဲ့သလိုထောင်ကျပြီးပြန်ထွက်လာတဲ့အချိန်မှာလည်းမကောင်းခဲ့ပါဘူး

အဲ့လိုဖြစ်နေတာတောင်သူ့အတွက်The right oneဖြစ်လာမယ့်Bonnieကိုတွေ့အောင်ရှာနိုင်ခဲ့ပါတယ်

ရှာတွေ့ရုံနဲ့လည်းသူမရပ်ခဲ့ပါဘူး

သူ့ဘက်ကသဘောထားနဲ့သူ့ကိုဘာလို့လက်ခံသင့်လဲဆိုတာကိုပါတစ်ခါတည်းရှင်းပြပါတော့တယ်

သေမထူးနေမထူး ဘယ်အချိန်မှာမဆိုသေသွားနိုင်တဲ့သူ့အရောင်မဲ့ဘ၀ထဲကိုBonnieဆိုတဲ့အရောင်စုံမိန်းကလေးတစ်ယောက်နဲ့ပြီးပြည့်စုံစေခဲ့ပါတယ်

ပုံမှန်အသက်ရှင်ရတဲ့နေ့ရက်တွေကိုငြီးငွေ့နေတဲ့လူတွေဖြစ်နေတဲ့အလျောက်

ကိုယ့်ကိုကိုယ်ဂရုမစိုက်ပဲကိုယ်ချစ်ရတဲ့လူကိုပဲစုံလုံးကန်းကာကွယ်ပေးနေမှုတွေဟာ

ဇာတ်လမ်းကိုမအီသွားစေတဲ့အပြင်ရှိတ်စပီးယားရဲ့ပြဇာတ်ကိုကျော်လွန်သွားစေတဲ့အကြောင်းပြချက်ပဲဖြစ်ပါတယ်



စားပွဲထိုးမလေးBonnieဟာတစ်နေ့တာလုပ်စရာရယ်လို့မယ်မယ်ရရမရှိတဲ့ဘ၀မှာ

မမျှော်လင့်ပဲရောက်လာတဲ့Clydeကသူ့ရဲ့နေမင်းကြီးဖြစ်ခဲ့ပါတယ်

လူစိမ်းကောင်ရယ်လို့မယုံခဲ့ပေမယ့်သူ့အတွက်The right oneဖြစ်နေမှန်းသိတာနဲ့

Bonnieဟာမျက်စိမှိတ်ပြီးအချစ်ခေါ်ရာနောက်လိုက်မိပါတော့တယ်
အချစ်ဇာတ်လမ်းရယ်တော့မဟုတ်ပါဘူး

နှစ်ယောက်ပေါင်းပြီးကျန်တဲ့သူတို့အဖွဲ့ဝင်တွေဘဏ်ဓားပြတိုက်ကြမယ့်ခပ်ညစ်ညစ်မှုခင်းကားပဲဖြစ်ပါတယ်

ဇာတ်လမ်းဟာNew Hollywoodရဲ့aestheticဖြစ်နေတဲ့ကာလမှာရိုက်ထားတာကြောင့်ကြည့်ရတဲ့လူတွေအတွက်အဘက်ဘက်ပြည့်စုံနေစေပါတယ်

တကယ့်ကျွန်တော်တို့လက်တွေ့ဘ၀မှာလည်းကိုယ့်ရဲ့the right oneနဲ့တွေ့ရင်လက်မနှေးကြပါနဲ့:3
အော်စကာနှစ်ဆုရထားတဲ့အကောင်းတကာ့အကောင်းတွေထဲကကားကောင်းတစ်ကားဖြစ်တာကြောင့်

အချိန်ပေးပြီးကြည့်လိုက်ပါ အချိန်ကုန်ရကျိုးနပ်စေမယ့်အပြင်ဘ၀နဲ့ပတ်သတ်တဲ့သင်ခန်းစာတချို့ကိုပါရကောင်းရနိုင်ပါလိမ့်မယ်



Translated by Aye Chansu
Encoded by sithu

  ဒေါင်းရန်အကြံပြုသောလင့်