ရှာဖွေကျွေးမွေးနေရတဲ့ Single Mom တစ်ယောက်ဖြစ်ပြီး အကြွေးပင်လယ်ဝေနေသူပေါ့
တစ်ရက်မှာတော့ သူမ ဖခင် သေဆုံးခဲ့ကြောင်းသိရပြီး အသုဘကိစ္စ များ စီစဉ်ပြီးရာ
ရှေ့နေမှ သူမ ဖခင်မှာ ခြံအကျယ်ကြီးနဲ့ အိမ်တစ်လုံး ပိုင်ဆိုင်ကြောင်း တစ်ပတ်နေရင်
အမွေပိုင်ဆိုင်ခွင့် ရရှိကြောင်း ကြေငြာပေးမည် ဖြစ်၍ လောလောဆယ် ထိုအိမ်တွင်
နေဖို့ သော့ပေးလိုက်ပါတယ်…
အကြွေးများကြောင့် ငှားနေတဲ့အိမ် လက်လွှတ်လိုက်ရတဲ့ အော်ဒရီ တို့ သားအမိဟာ
နောက်ဆုံး ကောက်ရိုးမျှင်လေးဖြစ်တဲ့ ဖခင် အမွေချန်ထားခဲ့သော မြို့အစွန်က အိမ်လေးဆီသို့
သွားရောက်ခဲ့ပါတော့တယ်…
သူမ တို့ မသိသေးတဲ့အချက်ကတော့ ထိုမြေနေရာမှ အရာတစ်ခုကို
စီးပွားရေး ပြိုင်ဘက်တစ်ဦးမှ မတော်လောဘ နှင့် လိုချင်နေ၍
သူမတို့ သားအမိ နှစ်ဦးသာ ရှိတဲ့ အိမ်ဆီသို့ မဖိတ်ခေါ်ထားသော
ဧည့်သည်များ ရောက်ရှိလာသော အခါ….
ဇတ်လမ်းသည် အပြောအဆိုများ ညစ်ညမ်းသဖြင့် မိသားစုနှင့်အတူကြည့်ရှုရန်
မသင့်တော်ပါ
ထိတ်လန့်သည်းဖို ဇတ်လမ်းဖြစ်သောကြောင့် ထိုင်ရာက မထစတမ်း သင့်ကို
ဇတ်လမ်းအစကနေ အဆုံးထိ စွဲဆောင်သွားပါလိမ့်မယ်…
ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားသူကတော့
Thein Tun Soe ဖြစ်ပြီး Thit San Khant မှ
တင်ဆက်ပေးထားပါတယ်