The Warrior’s Way 2010 (FB Data)

မှတ်ချက် - FB Data ဖြင့်ကြည့်နိုင်
“This is the Story of a Sad Flute….a Laughing Baby and a Weeping Sword.”

ဖြူစင်စွာရယ်မောနေတဲ့ကလေးလေးနဲ့ ၀ိဥာဉ်တွေရဲ့ငိုသံတွေပြည့်နှက်နေတဲ့ဓား တို့ရဲ့ ၀မ်းနည်းသံစဉ်ဇာတ်လမ်းလေးတစ်ပုဒ်အကြီးကျယ်အခမ်းနားဆုံးသော ဓားသမားဖြစ်ချင်ခဲ့တဲ့ စစ်သည်တစ်ဦး

သူအလိုချင်ဆုံးအရာကိုရရှိလိုက်တဲ့အချိန်မှာ အရာအားလုံးဘာမှမရှိ(ပျောက်ကွယ်သွား)တော့သလိုခံစားလိုက်မိတဲ့ စစ်သည်
တပြိုက်နက်ထဲမှာပဲ သူ့ဘ၀တစ်လျှောက်လုံး မကြုံဖူးမခံစားဖူးသေးတဲ့ ကလေးရဲ့ရယ်သံလေးကြောင့်ဖြစ်ပေါ်လာတဲ့ နွေးထွေးတဲ့မေတ္တာ
ဒါပေမယ့်လဲ ကံကြမ္မာရဲ့လှည့်ကွက်ဆိုသလို ကလေးလေးက သူ့ရဲ့ရန်သူတော်ဂိုဏ်းကမျိုးဆက်ဖြစ်နေပါတယ်

ဒါပေမယ့်လဲ အချစ်နဲ့အမုန်းလွန်ဆွဲလိုက်တဲ့အခါ အချစ်ကအနိုင်ရပြီး ကလေးကိုပိုက်ကာ အဝေးကိုထွက်ပြေးခဲ့ပါတယ်

အဲ့အကျိုးဆက်ကြောင့် စစ်သည်ဟာ သူ့ဂိုဏ်းရဲ့Black list ထဲအထည့်ခံရမယ်ဆိုတာ အတိအကျသိနေပေမယ့်လည်းပေါ့

အဲ့လိုနဲ့ သူ့မိတ်ဆွေဟောင်းတစ်ဦးရှိတဲ့ အနောက်ဖက်ကိုခရီးထွက်လာခဲ့တယ်

သူ့မိတ်ဆွေကဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့် သူ့မိတ်ဆွေရဲ့လုပ်ငန်းဖြစ်တဲ့ အ၀တ်လျှော်လုပ်ငန်းကိုပြန်လည်လုပ်ကိုင်ရင်း
ဇာတ်မြုပ်နေလိုက်ပါတယ် သူ့ရဲ့ဓါးကိုပါ ချိတ်ပိတ်လိုက်ရင်းပေါ့

တစ်နေ့တော့ သူ့ရဲ့ဓါးကိုမသုံးမဖြစ်သုံးရမယ့်အချိန်လဲရောက်လာရော ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့….

ဓါးသမားစစ်သည်အဖြစ် ကိုရီးယားမင်းသား ဒါရိုက်တာ ရင် အဖြစ်တစ်ချိန်ကမြန်မာပြည်ပရိသတ်တွေအကျွမ်းဝင်ခဲ့သူ Jang Dong Gun

မင်းသမီးကတော့ superman returns(2006)ထဲက Lois Lane အဖြစ်သရုပ်ဆောင်ခဲ့သူ Kate Bosworth

နောက်ထပ်သရုပ်ဆောင်တစ်ဦးကတော့ Pirates of the Caribbean ထဲက Capt Barbossa ကြီး Geoffery Rush ပါဝင်ထားပါသေးတယ်

Fantasy Action ကားကောင်းလေးဖြစ်ပြီး IMDB rating 6.1/10 ရရှိထားတယ်ဆိုတော့ မဆိုးလှတဲ့ကားလေးလို့ပြောလို့ရပါတယ်

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein Min Tun  ပါ)

Quality : Blu-Ray 720p
Running Time : 1hr 40min
Format : Mp4
Genre : Action, Fantasy, Western
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.BluRay.x264.DTS-FGT
Translated by Hein Min Tun
Encoded by Thanhtike Zaw