မှတ်ချက် - Facebook Data ဖြင့်ကြည့်နိုင်
ဂျက်ကီချန်းဇာတ်လမ်းတို့ရဲ့ထုံးစံအတိုင်း အက်ရှင် ဟာသ ဇာတ်ကားလေးပါ၊ သဘောကောင်းပြီး လူကြီးလူကောင်းဆန်တဲ ဆေးဆရာရဲ့သား ဝှမ်ဖေးဟုန်(ဂျက်ကီချန်း)ဟာ လူပျော်တယောက်ဖြစ်ပြီး သူ့မိထွေးနဲ့ အတွဲညီညီ အတိုင်အဖေါက်ညီညီ လှိမ့်လုံးပတ်လုံးတွေနဲ့ သူ့အဖေကို လှည့်စားတာတွေကို ဟာသဆန်ဆန်ကြည့်ရှုရမှာပါ။ ဝှမ်ဖေးဟုတ်ဟာ ကိုယ်ခံပညာလည်း တတ်ကျွမ်းပြီး အဓိကအကြမ်းဆုံးကတော့ အရက်မူးသိုင်းဖြစ်ပါတယ်။ အရက်မူးသိုင်းထုံးစံအတိုင်း အရက်မူးလေလေ သိုင်းကွက်ပိုစုံလေ ပိုကြမ်းလေးဖြစ်ပါတယ်။ အမှတ်မထင် သူ့လက်ထဲရောက်ရှိလာတဲ့ ရှေးဟောင်း တံဆိပ်တုံးတခုကအစပြုလို့ သူတို့နယ်က ရှေးဟောင်းပစ္စည်းခိုးထုတ်တဲ့ နိုင်ငံခြားသားအဖွဲကို ဘယ်လိုဖေါ်ထုတ်ဆုံးမလဲဆိုတာကိုတော့....ဇာတ်ကားကိုမြန်မာဘာသာပြန်ပေးတဲ့သူကတော့ Rockie Chan .SBO ဖြစ်ပါတယ်။ ဂျက်ကီချန်း ပရိသတ်တွေ အားပေးလိုက်ကြပါဦး။
မြန်မာစာတန်ထိုး စ/ဆုံး လေးပါ။