မုဆိုးဖိုဖခင်ကြီး Frank နဲ့အတူတူနေရတဲ့ လူပျိုပေါက်အရွယ် Joe Toy တစ်ယောက် သူ့ရဲ့ဘ၀ကိုသူ့အဖေကလိုက်ပြီးစီမံနေတာကိုမနှစ်သက်သူ မြီးကောင်ပေါက်အရွယ်ပီပီ လွတ်လွတ်လပ်လပ် လုပ်ချင်ရာလုပ်နေချင်တဲ့ ကောင်လေးက သူ့ဖခင်ရဲ့လက်ကလွတ်ရင်ပြီးရော တာဝန်တွေဝတ္တရားတွေနဲ့ကင်းဝေးရင်ပြီးရောဆိုပြီး သူ့ရဲ့အခင်ဆုံးဘော်ဒါ Patrick ရယ် ကြောင်တောင်တောင် Biaggio ဆိုတဲ့ကောင်လေးရယ်နဲ့ တောအုပ်ထဲကိုထွက်ပြေးကြတယ်…
မိဘတွေရဲ့ချည်နှောင်မှုတွေ တာဝန်တွေနဲ့ကင်းဝေးအောင် အဲ့မှာသူတို့အိမ်ဆောင်နေကြမယ်ဆိုပြီးလုပ်ကြပါလေရော လူသူကင်းဝေးတဲ့တောအုပ်ထဲမှာ ကောင်လေး၃ယောက်က သူတို့ရဲ့နေရာထိုင်ခင်းတွေစီစဉ်ပြီးတဲ့အချိန်မှာ သူတို့တွေကိုယ့်ကိုကိုယ်တွေး ဘယ်လိုတွေးမိကြလဲဆိုတော့…ငါသည်သာအရှင်သခင်...ငါသည်သာ အားလုံးရဲ့ဘုရင်ဆိုပြီး စိတ်ကြီးတွေဝင်ပြီးတဲ့နောက်မှာတော့….
ကိုင်း ဒီလူရှုတ်လေးတွေ တောထဲမှာ ဘယ်လိုပေါက်ကရတွေဆက်ဖြစ်မလဲဆိုတာကိုတော့…..ဟာသကားလေးမို့ခံစားကြည့်လိုက်ပါဦးဗျ…
File Size : (900 MB) and (297 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:35:00
Genre : Adventure, Comedy, Drama
Subtitle : Myanmar Subtitle (Hard Sub)
Encoded by Phyo Pyae