ဒီ Animation ရုပ်ရှင်လေးဟာ ကလေးတွေတင် မကပါဘူး လူကြီးတွေပါ ကြိုက်ပါတယ်… ကျနော်တို့ မသိလိုက်တဲ့ ကျောက်ခေတ် မှာ ဒိုင်နိုဆော တွေဟာ သူတို့ဘာသာ အသက်ရှင် ရပ်တည်ဖို့ အသီးအရွက်စားတွေ ဆို လယ်တွေ စိုက်တယ် ရိတ်သိမ်းတယ် လှောင်ထားတယ် နွေစာ မိုးစာ ဆောင်းစာ သက်သက်မှတ်မှတ် သိမ်းကြပြီး အသားစား သတ္တ၀ါတွေကတော့ အသားစားလို့ရတဲ့ သတ္တ၀ါငယ်တွေကို မွေးမြူပြီး စားသောက်ကြပါတယ် အဲ့ဒီအချိန်မှာ လူသားတွေ ဆိုတာ ဒိုင်နိုဆော လောက်တောင် အသိဥာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပြီး ဒီရုပ်ရှင်ကား ရဲ့ အဓိက ဇတ်ကောင် ၂ ခုဖြစ်တဲ့ အာလို ဆိုတဲ့ ဒိုင်နိုဆော ငကြောက်လေး ရယ် သူ့ကို အမြဲ လိုက်စောင့်ရှောက်ပေးတဲ့ စပေါ့ ဆိုတဲ့ လူသားပေါက်စ လေးရယ် က ဇတ်လမ်းကို အဆုံးထိ ထိုင်ရာက မထစတမ်း ကြည့်ချင်အောင် စွဲဆောင်သွားပါတော့တယ်….
ကဲ အညွှန်းကို သေချာမပြောတော့ပါဘူး ကြည့်ဖူးတဲ့သူတွေလဲ ကြည့်ဖူးပြီးသား ဖြစ်မှာမို့လို့ Version အသစ်လေးနဲ့ ငြိမ့်လိုက်ကြစို့….
CM Translator ဖြစ်သူ ကိုဟေဒီးစ် ဖြစ်ပြီး
Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်