The Amityville Horror

CM Fan တွေ အတွက် Deadpool မင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇတ်လမ်းကောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် ဂျော့ နဲ့ ကပ်သီ တို့ဟာ ညားခါစ အကြင်လင်မယားတွေ ဖြစ်ပေမယ့် ကပ်သီ ဘက်က ပါလာတဲ့ မယားပါ သားသမီး တစ်ချို့ကို ဂျော့က ကြည်ဖြူစွာ လုပ်ကျွေးနေခဲ့ပါတယ်…

မကြာသေးတဲ့ အချိန်အတွင်းမို့ ကလေးတွေကတော့ ဂျော့ ကို သိပ်မကြည်ဖြူသေးဘူးပေါ့… မိသားစု များလာတဲ့အခါ ကိုယ်ပိုင်အိမ်လေးနဲ့ နေချင်လာလို့ အိမ်ပွဲစားကနေ တဆင့် ဈေးသက်သာတဲ့ အိမ်ရှာတဲ့အခါမှာ မြို့အစွန် တစ်နေရာမှာ ပေးရတဲ့ ဈေးထက် မတန်တဆ ကို တန်နေတဲ့ ၂ ထပ်အိမ်ကြီးတစ်လုံးကို ရှာတွေ့ခဲ့ပါတယ် အိမ်ပွဲစားကတော့ ဒီအိမ်မှာ လူသေဖူးတယ်ဆိုတဲ့ သတင်းလောက်က လွဲလို့ ဘာမှ ရေရေ ရာရာ မပြောပေမယ့် ကပ်သီ က အရမ်းလိုချင်နေတာမို့ ဂျော့လဲ အလျှော့ပေးပြီး သက်သာလွန်းတဲ့ အိမ်ကို မစစ်ဆေးတော့ပဲ ၀ယ်လိုက်ကြပါတယ်…

ပြီးတော့ အလျင်အမြန်ပဲ မိသားစုလိုက် ပြောင်းလာခါ ပျော်ပျော်ပါးပါး နေဖြစ်ခဲ့ကြပါတယ်… သူတို့ မသိခဲ့တာက အဲ့ဒီအိမ်မှာ မိသားစု အားလုံးကို အိမ်ထောင်ဦးစီးက အကြောင်းပြချက်မရှိ သေနတ်နဲ့ မသေမချင်း လိုက်ပစ်သတ်ခဲ့တယ်ဆိုတာပါပဲ ဂျော့တို့ မမြင်မတွေ့ခင် အဲ့ဒီ အိမ်ထဲမှာ အရိပ်တွေဟာ ရွေ့လျား သွားလာနေခဲ့ပြီး အိမ်ရဲ့ မျက်နှာကျတ် အခန်းငယ်လေးထဲမှာ တစ်ခါတစ်ရံ ခေါင်းမှာ သေနတ်မှန်ပြီး သေသွားတဲ့ ကလေးကို မှန်ပြုတင်းပေါက်က ငေးနေတာကို တွေ့ကြရတယ်လို့ ဆိုပါတယ်…

ဂျော့ တို့ ပူပူနွေးနွေး မိသားစု အတွက် ကောလ ဟာလ လား အမှန်တကယ်လား ဆိုတာကိုတော့ မိုးအေးအေး ည တစ်ည မှာ စောင်လေး ခြုံကွေးပြီး ကြည့်လိုက်ကြပါစို့…

ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့
CM Translator ဖြစ်သူ ThinZar Htet ဖြစ်ပြီး
Thit San Khant မှ တင်ဆက်ပေးထားပါတယ်

https://cmmobiledownload.blogspot.com/2018/09/the-amityville-horror.html