MouseHunt

ဒီဇာတ်ကားကတော့ အမှန်အကန်ကိုရယ်ရမယ့်

နာမည်ကြီးကြွက်ဇာတ်ကားပါ…

ကြာခဲ့ပြီဆိုသော်ငြား ဘယ်အချိန်ပြန်ကြည့်ကြည့်

ရယ်နေရတုန်းပါပဲ…

ဟာသဇာတ်ကားဆိုပေမယ့်

ဇာတ်လမ်းကလဲအနှစ်သာရပြည့်ဝပါတယ်…

ချစ်ခြင်းမေတ္တာနဲ့ လူသားဆန်ဆန်

အတ္တတွေအကြောင်းကို ကြွက်တစ်ကောင်နဲ့ ပုံဖော်ထားပါတယ်…

အကြိုက်ဆုံးအခန်းကတော့

ဗီလိန်မင်းသားကြီး Christopher Walken ကြွက်လိုက်ဖမ်းတဲ့

ဇာတ်ဝင်ခန်းပါပဲ…

တင်ဆက်ပုံကောင်းသလို

တကယ့်ကြွက်အစစ်နဲ့ ရိုက်ကူးထားတာမို့

အခုခေတ်ဇာတ်ကားတွေလို Camera Effect

တွေနည်းနည်းနဲ့ သဘာဝဆန်ဆန်ကြည့်ရှုရမှာပါ…

မိသားစုနဲ့ကြည့်သင့်တဲ့ဇာတ်ကားပါ…

ကလေးလေးတွေအတွက်တော့ Tom and Jerry

ကိုအရှင်လတ်လတ်တွေ့ရသလိုခံစားရမှာပါ…

(ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကို ကျွန်တော်ဂျီကျလို့

ကသာသားလေး (Kyaw Ye Aung) ကရေးသားပေးခဲ့ပါတယ်)

https://cmmobiledownload.blogspot.com/2018/09/mousehunt.html