ဒီဇတ်လမ်းမှာတော့ လူတစ်ချို့ ဟာ စိတ်ဝေဒနာ တစ်ခုကို ခံစားနေရပါတယ် ပထမ အဆင့်မှာ သင့်အိပ်မက်ထဲမှာ လှုပ်လို့မရဘူး ပြေးလို့မရဘူး ခန္ဓာကိုယ်က ရွေ့လျားမရဘူးလို့ အိပ်မက် မက်ပါလိမ့်မယ် ဒုတိယ အဆင့်မှာ သင့် အိပ်ရာပေါ်မှာ သင်နိုးလာပါလိမ့်မယ် ဒါပေမယ့် လှုပ်မရပါဘူး တစ်ယောက်ယောက်က တက်ခွထားသလို ဖြစ်နေပါလိမ့်မယ်…
အဲ့ဒီမှာ သင်ပထမဆုံး ကြိုးစားမှာက ဘေးဘီ ၀ဲယာကို ကြည့်ပါမယ် အဲ့ဒီမှာပဲ တံခါးကြားကနေ ဖြစ်ဖြစ် စားပွဲခုံအောက်ကနေ ဖြစ်ဖြစ် သင့်ကို ချောင်းနေတဲ့ မိန်းမ တစ်ယောက်ကိုစတွေ့ပါမယ် တတိယ အဆင့်ရောက်ခဲ့ပြီဆိုရင် သင့်အနားကို သူတစ်ဖြေးဖြေးကပ်လာပါပြီ… နောက်ဆုံးအဆင့်မှာ သင် လုပ်ရမှာက လုံးဝ မအိပ်ပါနဲ့တော့ အကယ်၍ များ သင် အိပ်ပျော်သွားခဲ့ပြီဆိုရင်တော့…
အဲ့ဒီည သင် အသက်ပျောက်တဲ့ ညပါပဲ…. ဒီရုပ်ရှင်ကားကို ကျနော့် အနေနဲ့ နာမည်ပေးရရင်တော့ မအိပ်လိုက်နဲ့ ဆိုတာပါပဲ အိပ်တာနဲ့ မတွေးဝံ့စရာပါပဲ ကဲ သင်အိပ်ချင်နေပြီလား တစ်ရေးနိုးရင်လဲ ဘေးဘီ တစ်ချက် လေ့လာကြည့်အုံးနော် ဆံပင်ဖားလျား နဲ့ မိန်းမ တစ်ယောက် သင့်ကို ချောင်းနေပါလိမ့်မယ် 😀
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ May Thu ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်