=====================
Love Summer ဆိုတဲ့ကားလေး ကတော့ လူငယ်/အချစ်/ဟာသကားလေးပဲဖြစ်ပါတယ်. . .Love Summer ထိုင်းကားလေးကို 2011ခုနှစ်မှာရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်. .
ဒီကားမှာပါတဲ့မင်းသမီးလေးကတော့ နာမည်ကြီးပြီးချစ်စရာကောင်းတဲ့ မင်းသမီးလေးပါ. . .တော်တော်များများသိကြလိမ့်မယ်လို့ထင်ပါတယ် . . .2010 တုန်းကရိုက်ကူးထားခဲ့တဲ့ First love (Crazy Little Things Called Love) မှာပါတဲ့မင်းသမီးလေးပါ. . .
ဒီကားလေးထဲမှာ အဓိကပါတဲ့ဇာတ်ဆောင်ငါးယောက်ကတော့
ဂျက် ဂျို့ရှ် Khai muk ယူအီး ဘော့တို့ပဲဖြစ်ပါတယ်. . .
ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျက်ရဲ့သူငယ်ချင်း ဂျို့ရှ်တစ်ယောက် အမေရိက ကနေပြန်လာတာကို ဂျက်တစ်ယောက် လေဆိပ်မှာသွားကြိုပါတယ်. . .သူတို့ကဘန်ကောက်ကနေ ဖူးခက်ကိုသွားကြမလို့ပါ. . .လေဆိပ်မှာဘော့ဆိုတဲ့နိုင်ငံခြားသားတစ်ယောက်နဲ့တွေ့ပါ
တယ် . . .သူ့ဆီမှာဆေးခြောက်ပါလို့ရဲတွေ လိုက်ဖမ်းနေတယ် ဆိုပြီး ဂျက် နဲ့ ဂျို့ရှ် ကားပေါ်ကိုပါသွားပါတော့တယ်. . .အဲ့လိုနဲ့ပဲ ဖူးခက်သွားတဲ့လမ်းတစ်လျှောက်မှာ Khai muk နဲ့တွေ့ပြီး သူတို့နဲ့အတူပါသွားပြန်ရော. . .နောက်ဆုံးမှာ ယူအီးကလည်း ဖူးခက်သွားမယ်ဆိုတော့ သူမကိုလည်းသူတို့နဲ့အတူ ကားကြုံခေါ်သွားပြန်ရော. . .အဲ့လိုနဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြပြီး အချစ်ဇာတ်လမ်းလေးတွေဖြစ်လာပါတော့တယ်
Review &Translated by Yuki Hanna
Encoded By John Burgoyne