IMDb….7.4….Rotten….80%
2004 ခုနှစ်ထွက် မင်းသားကြီး Daniel Craig ပါဝင်သရုပ်ဆောင်ထားတဲ့ Layer Cake ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…
..Rating တွေက IMDb- 7.4, Rotten Tomatoes – 80 ရှိတယ်ဆိုတော့ Rating ကောင်းတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်…
အလည်အလတ်တန်းစား ကိုကင်းမူးယစ်ဆေးဖြန့်ဖြူးရေးသမားတစ်ယောက်ဟာ ပိုက်ဆံအတော်အတန်
စုဆောင်းမိတဲ့အချိန်မှာ မူးယစ်ဆေးလောကကနေ အနားယူဖို့ အစီအစဉ်တွေ ချထားခဲ့ပါတယ်…
သူရဲ့ ခြေရာတွေနဲ့ အလုပ်အကိုင်တွေ ဖျက်လို့မပြီးသေးခင်မှာဘဲ သူတို့မူးယစ်ဆေးသမားတွေကို အကာအကွယ်ပေးနေတဲ့ အစိုးရဖက်က
လူတစ်ယောက်က သူ့ကိုအလုပ်တစ်ခု ခိုင်းလာပါတော့တယ်…ဒါကတော့ ဂိုဏ်းစတား အကောင်ကြီးကြီးရဲ့
သမီးတစ်ယောက် ပျောက်ဆုံးသွားလို့ သူ့ကိုရှာဖို့ အကူအညီတောင်းခြင်းပဲဖြစ်တယ်…
တစ်ဖက်မှာလည်း အရောင်းအဝယ်လုပ်မယ့် စိတ်ကြွရူးသွပ်ဆေးပြားတွေကို ယူလာသူတွေက ဆာဗီးယားစစ်တပ်နဲ့ အငြိအစွန်းတွေ ဖြစ်ခဲ့ကြပြီး ..
. သူ့ဆီကို ပြဿနာနှစ်ခုက တစ်ပြိုင်နက်တည်းဆိုက်ရောက်လာပါတော့တယ်….
ကင်မရာ ရိုက်ချက်ကောင်းကောင်းတွေနဲ့ ဇာတ်ဝင်ခန်းတွေ တစ်ကတ်နဲ့တစ်ကတ်ဆက်ထားပုံလေးတွေ အရမ်းလှပပြီး ရင်ဖိုစရာကောင်းတဲ့
ဇာတ်ကားဖြစ်တဲ့အတွက် အားပေးကြည့်ရှုလိုက်ကြပါဦးခင်ဗျာ..။
File Size : (900 MB) and (312 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:45:00
Genre : Crime, Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Zuel Khant Thwin
Encoded by Phyo Pyae