အားလုံးသိကြတဲ့ Jurassic World:Fallen Kingdom ဟာ စပိန်ဒါရိုက်တာ J.A Bayona က ရိုက်ကူးထားတာဖြစ်ပြီး စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်….ဒီကားဟာ ဒိုင်နိုဆောတွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့Jurassic Park ဇာတ်လမ်းတွေရဲ့ ၅ ကားမြောက်ဖြစ်ပြီးတော့Jurassic World (2015) ရဲ့ နောက်ဆက်တွဲကားလည်းဖြစ်ပါတယ်…
Rating 7.8 ရရှိထားတဲ့ကားတစ်ကားဖြစ်ပါတယ်…
Jurassic World ပျက်စီးသွားပြီးသုံးနှစ်အကြာမှာထိုအပန်းဖြေစခန်းဆောက်လုပ်ထားတဲ့ကျွန်းမှာမီးတောင်ပေါက်ကွဲမှု့ကြောင့်ဒိုင်နိုဆောများမျိုးတုန်းရတော့မယ့်အခြေနေကိုရောက်လာပါတယ်..အစိုးရဘက်ကလည်း ပြည်သူတွေအတွက်ဒါကိုမျက်ကွယ်ပြုလိုက်ပေမယ့်ဒုတိယဒိုင်နိုဆောတွေမျိုးတုန်းတော့မယ့်အခြေနေကိုကယ်တင်မယ့်သူများပေါ်လာပါတယ်…
ဒါကတော့ Jurassic World (2015) မှာစတင်ပါလာတဲ့Owen Grady နဲ့ Claire Dearingတို့ရဲ့ကယ်ဆယ်ရေးအစီစဉ်ပဲဖြစ်ပါတယ်..သူတို့ဖန်တီးထားခဲ့တဲ့ ဒိုင်နိုဆောများကိုသူတို့ကိုယ်တိုင်ကယ်ဆယ်ရမှာဖြစ်ပြီးတော့ဒီဒိုင်နိုဆောတွေထဲမှာလည်း များပြားလှတဲ့အရိုင်းကောင်တွေရှိနေတဲ့အတွက်သူတို့ဘယ်လိုကယ်ထုတ်ကြမလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်….
နောက်ပြီးတော့ Jurassic World (2015) မှာ T-Rex ရဲ့ Raptor DNA တွေစုပြီးပေါင်းစည်းထားတဲ့မျိုးစပ်အကောင်တစ်ကောင်ပါဝင်ခဲ့သလို ဒီကားမှာလည်းမျိုးစပ်အကောင်တစ်ကောင်ပါဝင်လာမှာဖြစ်ပါတယ်…
အဲဒီအကောင်ကိုတိုက်ခိုက်ဖို့အတွက်လေ့ကျင့်ပေးထားတာဖြစ်ပြီးတော့Raptor ရဲ့ DNA ကိုအခြေခံပြီးဖန်တီးထားတဲ့အတွက်အသိဥာဏ်ကြွယ်ဝမှု့အပိုင်းမှာ လူနဲ့တန်းတူညီမျှပါတယ်…
Jurassic World (2015) မှာ Raptor လေးကောင်ထဲက တစ်ကောင်တည်းသာကျန်ရစ်ခဲ့တဲ့ ဘလူး ဟာလည်း ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ်ပြန်လည်ပါဝင်လာမှာပါ…
ဒီကားရဲ့ထူးခြားချက်ကတော့ အရင်Jurassic Park ကားတွေလိုမျိုးဒိုင်နိုဆောတွေရဲ့ရန်ကို ကာကွယ်ရတော့မှာမဟုတ်ပဲနဲ့တိရိစ္ဆာန်တွေမျိုးတုန်းပျောက်ကွယ်သွားမှာကြောက်တဲ့ လူတစ်စုရဲ့တတ်နိုင်သမျှကယ်ဆယ်ရေးဆောင်ရွက်တာတွေကိုခပ်မိုက်မိုက် ဖန်တီးမှု့အဆန်းများနဲ့ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်…
ဒီဇာတ်ကားကို ရုံမှာသွားကြည့်တဲ့အခါ တချို့လူတွေအဖို့ဇဝေဇ၀ါတွေဖြစ်နေကြမှာဖြစ်ပြီးတော့ နားလည်ကြမှာလည်းမဟုတ်ပါဘူး…
ဒါကြောင့် မြန်မာစာတန်းထိုးနဲ့ ကြည့်ပြီးဇာတ်ကားရဲ့သဘောသဘာဝကိုနားလည်အောင် အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်….
File Size : 1.96 GB
Quality : Blu-Ray 1080p 5.1 CH x264
Running Time : 2hr 08min
Format : Mkv
Genre : Action, Adventure, Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.BluRay.x264-SPARKS
Translated by Hnin Kyi Thar Oo
Encoded by Thanhtike Zaw