IMDb….8.1
စစ်ခုံရုံးတစ်ခု ….ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်…
စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု အမိန့်မလိုက်နာမှုကြောင့်ပါ…
စစ်သားလုပ်တယ် သေနတ်မကိုင်ချင်ဘူး ဘယ်လိုမှ သဟဇတမဖြစ် …
သို့သော်တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန် ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်…
သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာ ရနေတဲ့သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ် …
အားပေးမှုတွေလုပ်မယ် …
ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ…
စွဲချက်တွေကစစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ …
ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်း
ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ် …
Ratingမြင်ယုတ္တိလွန်စစ်ကားနေမှာပါလေလို့ တွေးမိတယ်…
နောက်တော့ ကျွန်တော်ထင်တာ လုံးဝလွဲသွားတယ် ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ် သားလေးဟာ
တိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့် အမေရိကန်သမ္မတ ထရူးမင်းချီးမြှင့်တဲ့ Medal of Honorဆုကိုရသွားတယ် …
ဒီစစ်သည်လေးဟာ သူ့ရဲ့ ပုံမှန်ထက်ပိုတဲ့ယုံကြည်ချက်ကြောင့် ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေ အများကြီးပါပဲ …
ချစ်သူ မိဘ ရဲဘော်ရဲဘက် အထက်ခေါင်းဆောင်အရာရှိတွေကြားမှာပေါ့…
ပြီးတော့ ဒီဇတ်ကားထဲမှာမင်းသား Andrew Garfield၊မင်းသမီးTeresa Palmer၊မင်းသား Sam Worthingtonအခြား နာမည်ကျော်ဇာတ်ပို့များပါလေတော့ သရုပ်ဆောင်ပိုင်းထွေထွေထူးထူးပြောစရာမလိုဘူးထင်ပါတယ်
Screen playပိုင်းဆိုရင် အထူးသဖြင့်ဒုတိယ ကမ္ဘာစစ်အတွင်းထိချက်ပြင်း 7.62မမကျည်ဆန်ရဲ့ အသားတွေပေါ်ဖောက်ထွက်ပုံတွေ
အမြောက် ကျည်ဆန်တွေထိဖြာပုံတွေကဝေဖန်ရေးဆရာတွေရဲ့ချီးကျူးခံရလောက်အောင် လန်းလွန်းတယ်…
ကဲ ပရိတ်သတ်ကြီးရေ ရေးတာလည်းများပြီဗျာ IMDBကလည်း 8.6ဆိုတော့ကျွန်တော်ညွန်းတာ ဟုတ်မဟုတ်ကတော့ စောင့်သာကြည့်လိုက်ပါဦးလို့
File Size : 1Gb/ 500Mb
Duration : 2 hr
Quality : Bluray rip
Translator : Phyo Pyae
Encoder : Littleneo