စာသင်ခန်းထဲက အကြောင်းလေးတွေ ဘာညာပေါ့ ဒီလိုနဲ့ တကယ်ကောင်းတဲ့ အခန်းက သိပ်မကြာဘူးရောက်လာတယ် ကျောင်းသားတွေရဲ့ philosophy teacher က ကျောင်းသား တွေ အားလုံးကို စုပြီး Game တစ်ခု ကစားတယ်
စိတ်ထဲကနေ ကစားရတာမျိုး အတွေးအခေါ် နဲ့ပေါ့ ကျောင်းသားတွေ အားလုံးကို ကမ္ဘာစစ်ကြီး ဖြစ်ပြီးတဲ့ အချိန်ကို ခေါ်သွားတယ် (စိတ်ထဲကနေ) ပြီးတော့ ကမ္ဘာပေါ်မှာ အဆိပ်ငွေ့နေတုန်း ဖုံးလွမ်းနေတုန်း အချိန်မှာ အသက်ရှင်နိုင်တဲ့ မြေအောက်ခန်း ရှိနေတယ်
ဒါပေမယ့် အဆိပ်ငွေ့တွေ ကုန်တဲ့ အချိန်ထိ ဆိုရင် အသက်ရှင်ဖို့ စားဖို့ သောက်ဖို့ အောက်စီဂျင် နဲ့ အစားအသောက်က ၁၀ ယောက် စာပဲ ရှိတယ် ဒီတော့ကာ ကျောင်းသားတွေကို မဲလိပ် နှိုက်ခိုင်းတယ် ပညာရှင်ရွေးတာမျိုး မဲလိပ်တွေထဲမှာ ကဗျာဆရာ ၊ ကျောင်းဆရာ ၊ ရှေ့နေ ၊ ဆရာဝန် အင်ဂျင်နီယာ ဘာညာပေါ့
အဲ့လို တစ်ယောက်က မဲလိပ်နှိုက်ရင် ကျန်တဲ့သူတွေက ဒီတစ်ယောက်ကို ခေါ်သင့် မခေါ်သင့် မဲပြန်ခွဲရတယ် ကဗျာဆရာ ကျတယ် ဆိုပါတော့ စစ်ပြီး ကာလ မှာ ကဗျာ ဆရာကို မလိုအပ်ဘူး ကဗျာဆရာ က အပိုပဲ လို့ သက်မှတ်ပြီး သတ်ပစ်လိုက်တယ် ဆရာဝန် ဆိုရင်တော့ မဲက အပြည့်ပဲ ဘာလို့ဆို စစ်ပြီးကာလ မှာ ဆရာဝန်က လိုအပ်တယ်ပေါ့
ဒီလိုနဲ့ အဲ့ဒီ Game ကို နိုင်ဖို့က ၁၀ ယောက် ဟာ စည်းစည်းလုံးလုံး နဲ့ အဆိပ်ငွေ့တွေ ပြယ်တဲ့ အချိန်မှာ အသက်ရှင်နေနိုင်ရမယ် ပေါ့ ဒါပေမယ့် သူတို့ အားလုံး အကြိမ်ကြိမ်ဆော့တိုင်း မနိုင်ခဲ့ပါဘူး သူတို့ထဲက လျို့ဝှတ်ချက် တစ်ခုကို ကိုင်ဆောင်ထားတဲ့ တစ်ယောက်က Leader မလုပ်သ၍ပေါ့ အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်…
ဘယ်သူကများ ဒီ Game ကို အောင်မြင်သွားလဲ ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး
ဒီ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Cm Translator May ThaZin Soe ဖြစ်ပါတယ်