Adore(2013) IMDb….6.2
ဒီဇာတ်ကားမှာတော့ မင်းသမီးချောကြီး (၂)လက်ဖြစ်တဲ့ Naomi Watts,နဲ့ Robin Wright တို့ အဓိက ပါဝင်ထားကြပါတယ်….
Lil နဲ့ Roz တို့ နှစ်ယောက်က သာယာလှပတဲ့ ကမ်းခြေမြို့လေးတစ်မြို့မှာ အိမ်နီးချင်းတွေ အဖြစ် နေထိုင်ကြတဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ပါ..
ဘယ်လိုအခက်အခဲတွေပဲရှိရှိ သူတို့ဟာ ကမ်းခြေမှာ အပန်းဖြေလိုက်ရုံနဲ့ စိတ်အမောတွေပြေသွားကြပုံပါပဲ…
တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့ သူတို့ (၂)ယောက်ဟာ အားနည်းချက်တွေကိုအပြန်အလှန်နားလည်းပေးကြလို့ အသက်အရွယ်ရလာသည့်
အထိ သိပ်ချစ်တဲ့သူငယ်ချင်းတွေအဖြစ်ရှိနေတုန်းပါပဲ….ဒီလိုနဲ့ သူတို့ ၂ယောက်ဟာ အိမ်ထောင်တွေကျလို့ သားတစ်ယောက်ဆီလည်းရလာတယ်…
သူတို့သားတွေကလည်း အမေနှစ်ယောက်ချစ်ကြသလို ချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်လာပါတယ်…
ဒီမိသားစု(၄)ယောက်ဟာ ခွဲမရဘူးလို့တောင်ပြောလို့ရပါတယ်…သို့ပေမယ့် သားတွေအရွယ်ရောက်လာတဲ့အခါမှာတော့
ခံစားချက်တွေလည်းပြောင်းလဲကုန်တယ်ထင်ပါရဲ့…ခံစားချက်ဆိုတာမျိုးဟာ စည်းတွေဘောင်တွေနဲ့ကန့်သတ်လို့ရလား..သူတို့ဖြစ်နေတဲ့ဟာတွေရောမှန်ရဲ့လား
….ဒါတွေကို ကျွန်တော်တော့မသိဘူး …ခင်ဗျားတို့လည်း ဒီကားကိုကြည့်ပြီး ဘယ်လိုဆုံးဖြတ်မှာလဲ သိချင်မိတယ်…ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့…
မှတ်ချက်…မိသားစုနဲ့အတူမကြည့်သင့်တဲ့အခန်းတွေပါလို့ သတိချပ်စေချင်ပါတယ်…
File Size : (900 MB) and (300 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:52:00
Genre : Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Encoded by Phyo Pyae