The Scorpion King (2002)



The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ

Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့

ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ

The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ် ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။

တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ

The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။

The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ

တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။

စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး

လက်ကျန်စစ်သည်အနည်း ငယ်နဲ့အတူ

အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။

အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး

နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။

ကင်းမြီးကောက်ဘုရင် ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား

အာနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက

အနူးဘစ်၏ စစ်တပ်ကြီးကိုဦးဆောင်ကာ

ပို၍ရက်စက် ကြမ်းကြုတ်သော စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။

The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီး ကောက်ဘုရင်ကြီးရဲ့

ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။

မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ကင်မြီး ကောက်ဘုရင်ကြီးဆိုပြီး

အမည်တွင်လာခဲ့ရတဲ့ အကြောင်းရင်းကို ဒီဇာတ်ကားမှာ ကြည့်ရှုကြရမှာပါ။

Non-Stop Action ဇာတ်ကားတစ်ကားဖြစ်ပြီး ကြမ်းလွန်းလို့

အသက် ၁၃ နှစ်အောက်ကလေးတွေ မကြည့်ရှုဖို့ ကန့်သတ်ထားပါတယ်။

Universal ကထုတ်တာဗျာ ၊ The Rock ဗျာ ၊ IMDb 5.5 ဗျာ ၊

ဒါရိုက်တာကလည်း Chuck Russell( The Mask ) ဗျာ ။

ဒီလောက်ဆိုရင်တော့ အချိန်ပေးကြည့်ရှုရတာ

မတန်စရာအကြောင်းမရှိပါဘူးလို့ ညွှန်းဆိုလိုက်ပါတယ်။



File Size : (785 MB,303 MB)
Quality : Blu-Ray 720p
Duration : 01:32:00
Format : Mp4
Genre : Action, Adventure, Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Source :Blu-Ray 1080p
Translated by Crisis A (Arrow Team)
Review by : Naing Win Swe
Encoded by Moe Myint Lwin

https://cmmobiledownload.blogspot.com/2018/08/the-scorpion-king-2002.html