The Miracle Season (2018)



 ဒီရုပ်ရှင်လေးကို ဘာသာပြန်ပေးတဲ့ ကိုဝေဇင် ကတော့
ပြောရှာပါတယ် ကိုသစ်ရယ် မျက်ရည်တွေ ၀ဲတယ်ဗျာ.. တဲ့
ကျနော်လဲ ဒီရုပ်ရှင်လေးကို ကြည့်ပြီး ရင်ထဲမှာ တစ်မျိုးကြီးပဲ
ခံစားရတယ်…
ခံစားရဆို ဒီရုပ်ရှင်က ဖြစ်ရပ်မှန်ကို အခြေခံပြီး
ရိုက်ကူးထားတာပါ…


West High School ရဲ့ ဘောလီဘော ချံပီယံ
ကျောင်းသူလေးတွေ အကြောင်း ဖြစ်ရပ်မှန် ဇတ်လမ်းပါ
West  ဟာ မြို့နယ် အဆင့်မှာ ချံပီယံ ဗိုလ်စွဲထားတာ ဖြစ်ပြီး
နောက်တစ်ခေါက် မြို့နယ် အဆင့်ကနေ တိုင်းထိ
ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေကြသူများလဲ ဖြစ်ပါတယ်
အဲ့ဒီထဲမှတော့ အတောက်ပဆုံး ကောင်မလေးက
အဖွဲ့ခေါင်းဆောင် ကာရိုလိုင်း ပဲ ဖြစ်ပါတယ်
ချစ်ဖို့ ကောင်းတဲ့ ရုပ်ရည်လေးနဲ့ လူတိုင်း နှစ်သက်စေမယ့်
အပြုံးပိုင်ရှင်လေးပါ သူ့ကို စိတ်ဆိုးနေတဲ့သူတွေကိုဆိုရင်
အတင်းကာရော ဖက်ပြီး စိတ်ဆိုးပြေအောင်လဲ လုပ်တက်သူပါ
သူနဲ့ ငယ်ငယ်ထဲက အတူကြီးပြင်းလာပြီး ကျောင်းမှာရော
ဘောလီဘော အဖွဲ့ထိပါ အတူတူ ရောက်ရှိနေတာကတော့
အချစ်ဆုံးသူငယ်ချင်းလေး ကယ်လီ ဆိုတော့
ကောင်မလေးပေါ့ ကယ်လီက ကယ်ရိုလိုင်း နဲ့ မတူပဲ
ခပ်အေးအေး နေတက်သူလေးပါ အမြဲတမ်း ကယ်လီ အတွက်
ကယ်ရိုလိုင်းက အသက်ကယ်ဆေးလိုပါပဲ
သူဘာလိုအပ်နေတယ်ဆိုတာ ကယ်ရိုလိုင်းပဲ သိတာပေါ့
ဒါကို တကယ့် BFF တွေပဲ နားလည်မှာပါ…
ဒီဇတ်လမ်းရဲ့ အညွှန်းကိုတော့ သိပ်မပြောချင်ပါဘူး
ကျနော့်လို ဟင် ခနဲ ဟာခနဲ ဖြစ်သွားချင်တယ်ဆို
ဆက်ကြည့်ပါ ၀မ်းနည်းတက်သူဆိုရင် တစ်ရှုးလေး
ဆောင်ထားပေးပါ ….



အာမခံတာကတော့ အဆုံးသတ်လေးက Happy Ending ပါ
စပွိုင်းလာ လုပ်တာတော့ မဟုတ်ပါဘူးနော်…
ယောင်္ကျားလေးတွေတော့ မဖြစ်မနေ ကြည့်သင့်ပါတယ်
ဘာလို့ဆို ဘောလီဘော ကစားတဲ့ မိန်းကလေးတွေ ရဲ့
Body က အရမ်းလှလွန်းတော့ ကြည့်လို့အရမ်းကောင်းလို့ပါ
Admin တော့ ခန ခန ကြည့်နေတာပဲ 😛
ဆက်လက်ကြည့်ရှုပေးပါ….
Thit San Khant

https://cmmobiledownload.blogspot.com/2018/08/the-miracle-season-2018.html