ငယ်ငယ်ကတည်းက သူမ အမေ ရဲ့ BF မှာလဲ သူနဲ့ တစ်ပြိုင်ထဲမွေးဖွားလာတဲ့ ကလေးတစ်ယောက်ရှိနေပါတယ် လီ လို့ ခေါ်တဲ့ကောင်လေးပေါ့ လီ နဲ့ အလ် က မွေးဖွားတဲ့နေ့ တွေ အချိန်တွေတူတဲ့ အမွှာတွေလို ဖြစ်ပြီး မိခင် ၂ ယောက်ထက်တောင် ပိုပြီးBFF ဖြစ်လာခဲ့ပါတယ် ဘယ်သွားသွား အတူတူ ဘာလုပ်လုပ်အတူတူပါပဲ ၂ ယောက်ကြားမှာ ဘာလျို့ဝှတ်ချက်မှ မထားခဲ့ပါဘူးဒါပေမယ့် သူတို့မှာ စည်းကမ်းတော့ ရှိပါတယ်တစ်ယောက် ရည်းစားထားရင် တစ်ယောက်က သဘောတူရမယ်သဘောမတူရင်လဲ လုံးဝ လမ်းခွဲရမယ်ဆိုတာမျိုးတွေပေါ့ဒါပေမယ့် အဲ့ဒီ ကတိကို စပြီး ချိုးဖောက်မိတာကတော့လီ ရဲ့ အကိုဖြစ်သူ နိုအာ ကြောင့်ပါပဲ…
နိုအာ က စော်ကြည်ဘဲ ကျောင်းရဲ့ ဖိုက်တာပေါ့အငယ် ၂ ကောင်ဖြစ်တဲ့ လီ နဲ့ အလ် ကို နှောက်ယှက်သူရှိရင် ၀င်ပြီး လက်နဲ့ ဖြေရှင်းတက်သလို အမြဲတမ်းမာမာ ကျောကျော နေတက်သူမို့ အလ် ကတော့ပိုပြီး Crush နေခဲ့ရတာပါပဲ….
ဒီဇတ်လမ်းလေး ကြည့်စ တုန်းမှာဟာ ကောင်မလေးက ရုပ်ဆိုးလိုက်တာပေါ့ပါးစပ်ပြဲပြဲလေး နဲ့ ဘယ်လိုလေးမှန်း မသိဘူးဘာညာ စဉ်းစားမိသေးတယ် ဒါပေမယ့်ဇတ်လမ်းကို ကြည့်နေရင်းမှာ ဒီကောင်မလေးကအင်မတန် ချစ်ဖို့ကောင်းလာပါတယ်ဇတ်လမ်းလေးကလဲ ဒီ ၃ ယောက်လိုပဲချစ်ဖို့ကောင်းပါတယ်ဇတ်လမ်းလေးက နည်းနည်းတော့ ငိုရမယ် ဒါပေမယ့်ရယ်ရတဲ့ အခန်းက ပိုများတယ်Happy Ending ဖြစ်မယ်လို့ Admin ကတော့ပြောချင်ပါတယ်…
ဘာကိုမှ အရမ်း မမျှော်လင့်ပဲ လွတ်လွတ်လပ်လပ်လေးကြည့်မယ့်သူတွေ အတွက် သင့်တော်ပါတယ်…
ဆက်လက်ကြည့်ရှုလိုက်ကြပါ….
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့Hein Thet Naing ဖြစ်ပြီး
Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်