ဒီရုပ်ရှင်ကားလေးဟာ နာမည်ကျော် ရုပ်ရှင်မင်းသား မင်းသမီးများစွာ
ပါဝင်သရုပ်ဆောင်ပေးထားပြီး အကောင်းဆုံး သီချင်းတွေ နဲ့
ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်…
ပိုပြီးထူးခြားတာက မကြာသေးခင်ကမှ နတ်ရွာစံတော်မူသွားတဲ့
ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ရေးထားတဲ့ သီချင်းတွေကို
ဒီရုပ်ရှင်မှာ ထည့်သွင်း အသုံးပြုပြီး ထည့်ထားလို့
ရုပ်ရှင်ကားကို ပိုပြီး အသက်ဝင်စေပါတယ်…
နှစ်သစ်ကူးတော့မယ် ဒီဇင်ဘာ လမှာ ဖြစ်ပျက်ခဲ့တဲ့
အချစ်ဇတ်လမ်းလေး ၃ ခု ကို ဒီရုပ်ရှင်ကား
တစ်ခုထဲမှာ ချိတ်ဆက်ပေးထားပါတယ်…
ဒီရုပ်ရှင်ကားထဲက မင်းသမီးလေးတွေက
ချစ်ဖို့ကောင်းလွန်းလို့ ၂ ခါပြန်တောင် ကြည့်ရပါတယ်
မင်းသားတွေဆိုရင်လဲ ATM ရုပ်ရှင်ကားထဲက မင်းသား
I Fine..Thank You..Love You ရုပ်ရှင်ကားထဲက မင်းသား တို့
ပါဝင်ပါတယ် သူတို့ကတော့ CM Fan တွေ နဲ့ မစိမ်းလောက်ပါဘူးနော်…
ကဲပါ ကျနော် ဇတ်လမ်းကို ပြောမပြချင်ပါဘူး ကိုယ်တိုင်ကြည့်လိုက်ပါ
သင့်ဘ၀ မှာ ကြည့်ရလို့ နောင်တ မရစေမယ့် ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့
မေသဇင်စိုး ဖြစ်ပါတယ်….
Thit San Khant