……………………………………………………..
လူအချင်းချင်း ချစ်ခင်တာကောင်းလား
မုန်းတီးတာကောင်းလား…………….
လူအချင်းချင်း ချစ်ခင်တာမှန်သလား
မုန်းတီးတာမှန်သလား
……………………………………………………..
အဖြေကတော့ လူတိုင်းသိမှာပါ
လူအချင်းချင်း ချစ်ခင်ကြင်နာတာ ကောင်းပါတယ်ဒါပေမယ့် တကယ်ကတော့
အမှန်တရားဆိုတာ နှိုင်းယှဉ်ချက်ပါ…….
ချစ်ခင်တယ်ဆိုတာလဲ နေရာတိုင်းမမှန်ကန်ပါဘူး
ကိုယ်စီကိုယ်စီ ကာမပိုင်လင်မယားရှိနေလျှက်နဲ့
ထိုလူနှစ်ဦး ချစ်ခင်သွားတာဟာ
အမှန်တရား မဟုတ်နိုင်ပါဘူး
ဒါဆို မုန်းတီးမှုဘက်ကို
ပြန်တွေးကြည့်မယ်ဆိုရင်လည်း
” အသက်မပြည့်တဲ့ ၈နှစ် ၉နှစ်အရွယ်
ကလေးသူငယ်တွေကို လိင်အဂါင်္ထုတ်ပြခဲ့တဲ့ အသက် ၄၈နှစ်အရွယ် ယောကျာင်္းတစ်ယောက်ကို
အမှန်ကိုသာ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့
ရဲဝန်ထမ်းဟောင်းတစ်ယောက်က မုန်းတီးတာဟာ
“အမှား “လို့ ပြောလို့မရပါဘူး
ဒီဇာတ်ကားဟာ လူတွေမှာ ဖြစ်တတ်တဲ့
မှောင်မိုက်တဲ့မကောင်းစိတ်
လူ့သဘာဝအကြောင်းကို ရိုက်ကူးပြထားပါတယ်
ကိုယ့်မိန်းမ ကိုယ့်ယောကျာင်္းကို မဖောက်ပြန်အောင်
ကိုယ်လည်းသူတို့လို မမှားအောင် သင်ခန်းစာယူတဲ့အနေနဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပါပဲဇာတ်ညွှန်းကို ပြောပြရမယ်ဆိုရင်တော့
Kate Winslet(ဆာရာ)ဟာ ၃နှစ်အရွယ် သမီးလေးရဲ့မိခင်ပါ
သူ့ရဲ့အမျိုးသားက ကုမ္မဏီတစ်ခုမှာ
အလုပ်လုပ်ပါတယ်
အကြောင်းကြောင်းကြောင့် Patrick Wilson(ဘရတက်ထ့်)နဲ့ ဖောက်ပြန်မိပါတယ်။
သူမနဲ့ ဖောက်ပြန်တဲ့ ဘရတ်ထ့်ဟာ ဇနီးသည်နဲ့
၃နှစ်အရွယ်ခန့် သားလေးနဲ့ ပျော်ရွင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်တဲ့သူပါ။
ထူးခြားတာကတော့ နှစ်ယောက်စလုံးဟာ
ပညာတတ်တွေပါ။
ပညာတတ်တွေဖြစ်ရက်နဲ့ တဏှာရာဂရဲ့စွဲဆောင်မှုတွေကြောင့် စဉ်းစားဆင်ခြင်ဥာဏ်က
မထိန်းကွပ်နိုင်တော့တဲ့အခါမှာ
အမှားတွေ ကျူးးလွန်မိကြပါတော့တယ်
နောက်ဆုံးမှာ နှစ်ယောက်သား ခိုးပြေးဖို့စီစဉ်ကြပါတော့တယ်။kate winslet(ဆာရာ)ကရော သူများမိသားစုဘဝလေးကို ဖျက်ဆီးသလိုဖြစ်သွားမလား
ကိုယ်စီ အမှန်တရားကို ပြန်လည်ပြင်ဆင်နိုင်မလားဆိုတာကိုတော့
ဆက်လက်ကြည့်ရှုလိုက်ပါတော့ခင်ဗျာ………..။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကတော့ Triple X ပါ။)
File size…(999 MB) and (390 MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:17:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Triple X