ခေါင်းထဲမှာအလုပ် အလုပ်ရာထူးတက်ရမယ်ဆိုတာကလွဲလို့
ကျန်တာသိပ်မ စဉ်းစားတတ်သူပါ ဘယ်လောက်ထိအလုပ်ကိုဦးစားပေးလွန်းလဲဆိုရင်
သူ့မင်္ဂလာပွဲဆင်နွှဲမယ့်နေ့မှာတောင် ဖုန်းတစ်လုံးနဲ့ညွှန်ကြားအလုပ်များနေသူပါ
သူ့သတို့လောင်းမှာဒီအကြောင်းကိုသိသွားတော့ သည်းမခံနိုင်တော့ပဲ
မင်္ဂလာပွဲကိုဆက်မလုပ်နိုင်တော့ဘူးဆိုပါလေရော ရေချယ်မသိ
ခဲ့တာက
သူ့မင်္ဂလာဆောင်မှာ သူမဖိတ်ခေါ်ထားတဲ့ဧည့် သည်တစ်ယောက်ရောက်နေတာကိုပါပဲ
တစ်ခြားသူတော့မဟုတ်ပါဘူး သူနဲ့သူ့အမေကို နှစ်ပေါင်းများစွာပစ်ထားခဲ့ပြီး
အလုပ်ကိစ္စတွေနဲ့ကမ္ဘာ ပတ်နေတဲ့သူမ အဖေ ဟယ်ရီဟယ်မစ်တန်ပါပဲ
ဟယ်ရီတစ်ယောက်သူ့သမီးမင်္ဂလာဆောင်ကိုတိုးတိုးတိတ်တိတ်တက်
ရောက်ခဲ့ပေမယ့် မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေကြောင့်
ရေချယ်ကလဲသူ့ကိုမြင်သွားသလို သူကလဲသူ့သမီးလေးရဲ့
ပျက်စီးသွားတဲ့မင်္ဂလာပွဲလေးကိုစိတ်မကောင်းစွာကြုံတွေ့လိုက်ရပါတယ်
ဒီနောက်မှာတော့ ငယ်ငယ်ထဲကပစ်သွားရမလားဆိုပြီး
ဖခင်အပေါ်စိတ်နာနေတဲ့ ရေချယ်နဲ့ လောလောလတ်လတ်အသည်းကွဲနေတဲ့သမီးကို
နှစ်သိမ့်ပေးချင်တဲ့ ဟယ်ရီတို့၂ယောက်က စုံတွဲတွေအတွက်သီးသန့်
ခရီးစဉ်ဖြစ်တဲ့ ဇိမ်ခံသဘောင်္ကြီးပေါ်မူးမူးနဲ့ရောက်သွားကျရောဆိုပါတော့
(တကယ်က အဲ့ခရီးစဉ်ကရေချယ်နဲ့သတို့သားအိုဝင်တို့ ဟန်းနီးမွန်းထွက်ဖို့လုပ်ထားတဲ့ခရီးစဉ်ပါ)
စုံတွဲတွေ လတ်လတ်ဆတ်ဆတ်လက်ထပ်ထားတဲ့ဇနီးမောင်နှံတွေကြား
မတည့်အတူနေသားအဖ၂ယောက်ရောက်သွားတဲ့အခါမှာတော့….
Like Fatherက အဖေကိုအထင်လွဲစိတ်နာနေတဲ့သမီးနဲ့
အတိတ်ကအမှားတွေကိုပြင်ဆင်ဖို့ကြိုးစားနေတဲ့ဖခင်တို့ကြားက
သံယောဇဉ် ချစ်ခြင်း မေတ္တာတို့အကြောင်းပေါ့ပေါ့ပါးပါးလေး
တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ
ဟာသလေးတွေလဲပါသလို မထင်မှတ်ထားတဲ့
ဇာတ်လမ်းပုံစံလေးတွေနဲ့သင့်ရဲ့အချိန်ကို
ပေါ့ပေါ့ပါးပါးလေးကုန်ဆုံးစေပါလိမ့်မယ်…
ဒီရုပ်ရှင်ကားကို Wai Zin မှ ဘာသာပြန်ပေးထားပြီး
အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်