ဒီတစ်ခါတော့ CM Fan တွေကို Netflix က
ဟာသ ကားလေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်
ဒါပေမယ့် ကြိုသတိပေးချင်တာကတော့
18+ အဆင့် R- Rated အဆင့်ပါ
လိင်အင်္ဂါ ပုံတွေ အထင်းသား ပြထားတဲ့အပြင်
သွေးထွက်သံယုံ အပြင်းစားတွေ နဲ့
လူကြီး နဲ့ ကလေး အတူတူ မကြည့်သင့်တဲ့
ဆဲဆိုတဲ့ အသုံးအနှုန်းတွေ အများကြီးပါဝင်တဲ့အတွက်
အသက်မပြည့်သေးတဲ့ သူများ ၊ မိသားစု နဲ့ အတူကြည့်သော သူများ
ကြည့်ရှုရန် မသင့်တော်ပါ နှလုံးရောဂါရှိသူများ မကြည့်သင့်ပါ
ဇတ်လမ်းပုံစံကတော့ ထောင့်မကျိုး အပျင်းထူ လူတွေနဲ့
အစေးမကပ် တဲ့ ဟိုတယ်တစ်ခုရဲ့ အခန်းရှင်း ၀ိတ်တာဘွိုင်း ၃ ယောက်နဲ့
ဇတ်လမ်း စထားပါတယ်…
သူတို့ ၃ ယောက်က မကောင်းတဲ့ အကျင့်တစ်မျိုးစီ ရှိပြီး
ဘာလုပ်လုပ် တလွဲတွေပဲ ဖြစ်နေပေမယ့် တူညီတဲ့
အကြံတစ်ခုတော့ ရှိပါတယ် အဲ့ဒါကတော့
ချမ်းသာချင်တဲ့ စိတ်ပါပဲ 😛
တစ်ရက်မှာတော့ သူတို့ ဟိုတယ် ကို
VIP တစ်ယောက်လာတည်းပါတယ်
အဲ့ဒီအတွက်လဲ ဟိုတယ်တစ်ခုလုံး တာဝန်တွေ
ခွဲဝေယူရရင်း အလုပ်ရှုပ်နေတာပေါ့
အဲ့ဒီ VIP ကတော့ Online မှာ ပိုက်ဆံအကုန်ခံပြီး
ပေါက်ကရတွေ အကုန်လျှောက်လုပ်နေတဲ့
လူမဲ သူဌေးလေး တစ်ဦးဖြစ်ပြီး သူ့ဘ၀ တစ်လျှောက်
လိင်ဆက်ဆံတာ နဲ့ အပျော်ကြူးတာတွေ အတွက်
ပိုက်ဆံအကုန်ခံပြီး လုပ်နေတာဖြစ်ပြီး အားကျတဲ့
Follower တွေ အများကြီးရထားတဲ့ နာမည်ကြီး
တစ်ဦး ဖြစ်ပါတယ်…
ဝိတ်တာ ၃ ယောက်လဲ ထိုအကြောင်း သိထားတော့
သူတို့ရေးထားတဲ့ ဂိမ်းပလန် ကို ပြပြီး ပရောဂျက်တောင်းဖို့
ကြံစည်ကြတော့တာပါပဲ…
ဒါပေမယ့် ကံမကောင်းချင်တော့ သူတို့ထက် အရင်
အဲ့ဒီသူဌေးကို ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ ကြံနေတဲ့အဖွဲ့က
ဟိုတယ်ကို ရောက်နှင့်နေပါပြီ ဒီတော့ကာ
ဘယ်လို သည်းထိတ်ရင်ဖို တလွဲတွေကြီးလုပ်ပြီး
ဟိုတယ် နဲ့ VIP ကို ကယ်မလဲဆိုတာ
ရယ်မောရင်း ကြည့်ရှုလိုက်ကြပါအုံး….
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့
CM Translator ဖြစ်သူ Shain Htet Naing ဖြစ်ပါတယ်
Thit San Khant